ကျောက်ဖြူမြို့တွင် ရွှေရေတွင်းတော်၊ ရွှေညောင်ပင်တော်၊ ရွှေကုက္ကိုပင်တော်၊ ရွှေလက်ဝါးတော်တို့၏ ငြိမ်းချမ်းသာယာရှစ်ခွင်ကမ္ဘာ၊ ရှစ်မျက်နှာကပ်ကျော်ဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရွှေထီးတော်တင်ကပ်လှူပူဇော်ခြင်းအခမ်းအနားကျင်းပ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးခြံဝန်း၌ တည်ထားကိုးကွယ်ပူဇော်လျက်ရှိသည့် ရွှေရေတွင်းတော်၊ ရွှေညောင်ပင်တော်၊ ရွှေကုက္ကိုပင်တော်၊ ရွှေလက်ဝါးတော်တို့၏ ငြိမ်းချမ်းသာယာရှစ်ခွင်ကမ္ဘာ၊ ရှစ်မျက်နှာကပ်ကျော်ဘုရား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရွှေထီး တော်တင်ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးခြံဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။