စဉ့်ကိုင် နို၀င်ဘာ ၈
တန်ဆာင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ဘုရားပုထိုးစေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရတနာလာဘမုနိဆုတောင်းပြည့်မြွေဘုရား၊ ကံကြီးမမြတ်စွာဘုရား၊ ပေါ်တော်မူမြတ်စွာဘုရားများတွင် တန်ဆောင်တိုင်ပွဲတော်ဖြစ်သည့် အများပြည်သူအလုပ်ပိတ်ရက်များအတွင်း ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရတနာလာဘမုနိဆုတောင်းပြည့်မြွေဘုရားအပြင် ပေါ်တော်မူမြတ်စွာဘုရား၊ ကံကြီးမအဓိဌာန်အောင်ဆုတောင်းပြည့်ဘုရားများတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက ပန်းများကပ်လှူပူဇော်ခြင်း၊ ကုသိုလ်ဒါနပြု ကောင်းမှုပြုလုပ်သူများနှင့် သီလဆောက်တည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ဘုရားဖူးလာပြည်သူများအား ကုသိုလ်ရှင်များကလည်း ထမင်း၊ ဟင်းကြာဇံကြော်များ၊ ရေခဲမုန့်များဖြင့် ကုသိုလ်ပြုကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းသန်း