ဒေးဒရဲ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနက အနီးကပ်ကြီးကြပ်မှု ဖျာပုံခရိုင်ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား စားသုံးဆီများကို တစ်ပိသာလျှင် (၄၁၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာသုံးဆီများ ၂၀၂၃ ခုနှစ် ဇွန်လ (၅)ရက်နေ့က စတင်၍ တစ်ပတ်လျှင် (၅)ရက်နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချပေးသွားမည်ဖြစ်ပြီး လူတစ်ဦးလျှင်စာသုံးဆီ (၅၀)ကျပ်သားနှုန်းဖြင့် ဆီပိဿာချိန် (၁၁၀) အား နေ့စဥ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနကသိရသည်။
အေဇာလင်း