ပေါင်းတည်၌ မိုးစပါးများ ရိတ်သိမ်းပြီးစီး

၂၀၂၅ ခုနှစ်၊ မိုးသီးနှံမိုးစပါးများ စိုက်ပျိုးခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အနေဖြင့် မိုးစပါး စုစုပေါင်း ၇၃၅၁၄ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်း (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ တာဝန်ရှိသူများ လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကို ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားမှုအား နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ာ့ချရေး အသိပညာပေးဟော ပြောပွဲကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ကာန) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်နေ့က အ.ထ.က(ဝမ်းတွင်း) ပတ္တမြားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။      

တောင်တွင်းကြီးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ဒေသခံအချို့သည် မိသားစုဝင်ငွေတစ်ခုအနေဖြင့် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးရာမှ အပိုဝင်ငွေရရှိလျက်ရှိသည်။

မိုင်းခတ်မြို့အ‌ခြေခံပညာအထက်တန်းကျောင်း၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦး‌ဆောင်၍ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟော‌ပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၂၅ ရက်နေ့နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက မင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နန္ဒာမြောက် မြို့တက်လမ်း ကတ္တရာလမ်းဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာတွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နန္ဒာမြောက် မြို့တက်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ဦးလှမိုးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရေဖြူမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများကြည့်ရှုနိုင်ရေး အိမ်တိုင်ရာရောက်ကွင်းဆင်းအသိပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုနေမှုအပြင် မိမိအမည်မဲ စာရင်းပါမပါသိရှိနိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ထင်ကိုကိုနှင့်အဖွဲ့ဝင်များကွင်းဆင်း ဆောင်ရွက်ကြသည်။
Subscribe to