သတင်းများ

တပ်ကုန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မှ ကွင်းဆင်း စစ်ဆေး
Aug 09,2020
နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကြေညာထားရှိခြင်း ဖြစ်ရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ မဲစာရင်းကပ်ထား ကြေညာမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတို့က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် အမှတ် ၁၁ ရပ်ကွက် မြို့မဈေး သောက်သုံးရေကန်အား သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်
Aug 09,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ပိုလျှံရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှကြီးကြပ်ပြီး အမှတ် ၁၁ ရပ်ကွက်ရှိ​မြို့မစျေးကန်အား အဆင့်မြင့်တင်ခြင်းနှင့် စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပေစေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၁၁၈၈၉၉) ဦးရှိ
Aug 09,2020
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် ၂၀၂၀ ခုနှစ် ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများကြည့်ရှုနိုင်ရန် ဒီပဲယင်း မြို့မစည်ပင်သာယာစျေး၊ မြို့အတွင်း၌လည်းကောင်း စိုင်ပြင်မြို့စည်ပင်သာယာစျေးရှေ့တို့တွင် ရွေးကောက်ပွဲမဲစာရင်း ကပ်ထားကြေညာမှုတွင် မိမိအမည်မပါခြင်း၊ အချက်အလက်အမှားများ ပြင်ဆင်ရန်၊ မပါဝင်သင့်သူများ ပါရှိက ပယ်ဖျက်ရန်ပုံစံများကို မည်သို့ဆောင်ရွက်ရမည်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ နိုးဆော်ခဲ့ပါ သည်။
စစ်ကိုင်းမြို့တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရေး မိုဘိုင်းယာဉ်ဖြင့် အသိပညာပေး ဆောင်ရွက်
Aug 09,2020
အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (စစ်ကိုင်း)မှကြီးမှူး၍ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၏ အချက်အခြာကြသည့် နေရာများတွင် မိုလ်ဘိုင်းယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 09,2020
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွါးရေးကုစားမှု အစီအစဉ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများသည် Cash For Work စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၃၂) ဦးအောင်မြင်
Aug 09,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက် ၀၀ နာရီ ခွဲအချိန်က အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ခဲ့ရာ ဖလမ်းမြို့နယ်အတွင်း အောင်ချက် ( ၂၈ ဒသမ ၆၉) ရာခိုင်နှုန်းရှိကြောင်း ဖလမ်းခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
(၁၃)ကြိမ်မြောက် သမဝါယမချေးငွေ အရစ်ကျပေးချေငွေနှင့်ကျသင့်အတိုးငွေများ မှန်ကန်စွာဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 09,2020
ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်အဖွဲ့သည် China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက် ချေးငွေအဖြစ် သမဝါယမချေးငွေ အရစ်ကျပေးချေငွေနှင့် ကျသင့်အတိုးငွေများ မှန်ကန်စွာ ဆောင်ရွက် နိုင်ရေးအတွက် ယနေ့တွင် ဖလမ်းမြို့နယ် သမဝါယမ ဦးစီးဌာနရုံးသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် ရွာသစ်မြို့ အထ‌ကျောင်း၏ တက္ကသိုလ်ဝင်တန်းအောင်ချက် (၁၆.၆၇) ရာခိုင်နှုန်းရှိ
Aug 09,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဘောလခဲမြို့နယ် စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်မှုစာရင်း များကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။