သတင်းများ

ဘားအံမြို့နယ် အုန်းတပင်-လှာကဒေါင်ကျေးရွာအုပ်စုကြား နိုင်းကြာကျောင်းအဝင် ကတ္တာရာလမ်းသစ်ဖွင့်လှစ်
Feb 23,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အုန်းတပင်ကျေးရွာအုပ်စုနှင့် လှာကဒေါင်ကျေးရွာအုပ်စုတို့ကြား နိုင်းကြာဘုန်းတော်ကြီးကျောင်းအဝင်လမ်းအား အဆင့်မြှင့်တင်သည့် ကတ္တာရာလမ်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု တယ်ကုန်းကျေးရွာတွင်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 23,2020
ကျေးလက်ဒေသနေပြည်သူများ အသိပညာတိုးပွားရေးနှင့် လူမှုစီးပွားတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ဌာနဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့နံနက်က မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု တယ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 23,2020
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ ခရိုင်စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့နှင့် စာပေ ဝါသနာရှင်များသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် စာရေးဆရာ လူထုစိန်ဝင်း ရေးသားသည့် “အရှက်နှင့်တန်ဖိုး” စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆွေးနွေးသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးသူငယ်ဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Feb 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့(Upper KMN) မှ ဦးဆောင်၍ ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးသူငယ် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) တွင်ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေး၊ ချမ်းအေး သာစံမြို့နယ်၊ ဒေးဝန်းနောက်ရပ်ကွက်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်မှုများပြုလုပ်
Feb 23,2020
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး၏ လမ်းညွှန်မှုဖြင့် မီးသတ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်မှုကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်၊ ဒေးဝန်းနောက်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်ပွဲ ကျင်းပ
Feb 23,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်အတွင်းရှိ (၁၀၁) လမ်းတွင် “ လူချစ်နတ်ချစ် ၁၀၁ “ နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးမြို့တွင် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 23,2020
"လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကုသိုလ်တော် လမ်း ၊၆၅လမ်းနှင့်၆ ၆လမ်းကြားရှိ ထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Feb 23,2020
ပေါက်ခေါင်းမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင်များသည် စာရေးဆရာဖေမြင့် ရေးသားသည့် “စဉ်းစား ခြင်း” စာအုပ်ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည့်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်သည်။