သတင်းများ

ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့်Valunteerများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Aug 01,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Simopharm များ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈) နာရီအချိန်မှစတင်ကာ ဝမ်းတွင်းမြို့စည်ပင်သာယာရေးခန်းမစုရပ်တွင် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထားဝယ်မြို့တွင် စုရပ် (၃) နေရာ၌အုပ်စု(၄)အုပ်စုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ပထမအကြိမ်ထိုးနှံပေးလျက်ရှိ
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စုရပ်(၃)နေရာ၌ အုပ်စု(၄)အုပ်စုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့ နံနက်ပိုင်းတွင် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌ သာသနာ့နွယ်ဝင် ဆရာတော်၊သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Aug 01,2021
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်နှင့်   ကျောင်းတိုက်အသီးသီး မှ သာသနာ့နွယ်ဝင်ဆရာတော် ၊ သံဃာတော် များအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဟင်္သာတမြို့၊  မြစ်ကွေ့ကျောင်းပရိယတ္တိ စာသင်တိုက် တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြော
Aug 01,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ တိုက်ရှောင်စခန်းများသို့ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ  ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက်  ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များက အဆိုပါတိုက်ပွဲရှောင်စခန်းနေရာများသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်၌ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် အသက် (၁၈)နှစ်အထက် ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jul 31,2021

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် /ကျေးရွာများရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် အသက် ၁၈နှစ်အထက် ဆရာတော်၊ သံဃာတော်များကို ယနေ့နံနက် ၉နာရီအချိန်က ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်သုံးနေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်ပြိုင်နက်တည်း စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအချို့ ရေကြီးနစ်မြှုပ်
Jul 31,2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကနန်းဒေသအတွင်း ယနေ့နံနက် (၇)နာရီအချိန်ခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူးမြစ်ရေကြီးရေလျှံ ဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့ လူနေအိမ်များ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းထားသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 31,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာများရှိ လူနေအိမ်များသို့ ရေဝင်ရောက်ခဲ့ရာ ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စုများအတွက် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းထားသည့် စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ ညနေ ၄နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နေမိုးအား တွေ့ဆုံမေးမြန်းခြင်း
Jul 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နေမိုးအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဇူလိုင် ၃၁ ရက်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်