သတင်းများ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်းကျေးရွာအဝင် တံတားချည်း ကပ်မြေသား အနည်းငယ်ပျက်စီး
Aug 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဩဂုတ် ၁ ရက်ည ၉ နာရီခန့်မှ ယမန်နေ့ နံနက် ၈ နာရီခန့် အထိ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကန့်ဘလူ-ထန်းကုန်း-ကာဘိုးလမ်း ပေါ်ရှိ ချင်မြစ်ကျင်းကျေးရွာအဂင် အုတ်ခံဖောင်ဒေးရှင်း သစ်သားကြမ်းခင်းတံတားသည် ရေတိုက်စားမှုကြောင့် တံတားချည်းကပ်မြေသား အကျယ် ၁၀ ပေခန့် ပျက်စီးသွားကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး
Aug 03,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွား များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဖြစ်သည့် Sinopharm အမျိုးအစား Covid-19 Vaccine များကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့ က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဆုပေးပွဲ ခန်းမတွင် ထိုးနှံပေးခဲ့သည်။
Oxygen Plant တည်ဆောက်ပြီးသွားတဲ့အခါ အောက်ဆီဂျင်အတွက် စိုးရိမ်စရာမရှိတော့ပါဘူး နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင်-၃၀၀မှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် တွေ့ဆုံ မေးမြန်းခြင်း
Aug 03,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဇွန်လမှစတင်၍ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု ပြန်လည် မြင့်တက်လာသဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဆေးရုံများတွင် ကိုဗစ်-၁၉ရောဂါ ကုသရေး စင်တာများ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါစင်တာများအနက် နေပြည်တော် ပြည်သူ့ဆေးရုံ ကြီးကုတင်-၃၀၀မှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် ကိုဗစ်-၁၉ရောဂါ ကုသမှုပေးနေသည့် အခြေအနေများကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်မှ Oxygen Concentrator နှင့် PPE ဝတ်စုံများ လှူဒါန်း
Aug 03,2021
မကွေးတိုင်းဒေသကြီး ၊ သရက်မြို့ ပြည်သူ့ဆေး၌ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကိုဗစ်- ၁၉ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Oxygen Concentrator (၁၀)လီတာ (၄) လုံး၊ (၅) လီတာတစ်လုံး နှင့် PPE ဝတ်စုံများ လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ (Sinopharm) ကိုဗစ်−၁၉ ကာကွယ်ဆေးဆက်လက် ထိုးနှံ
Aug 03,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မြောက်ဦး၊ ကျောက်တော်၊ မြေပုံနှင့် မင်းပြားမြို့နယ်များရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံစသော သတ်မှတ်စု ရပ်နေရာများတွင် လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့ နံနက် (၉)နာရီမှစတင်၍ အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ပင်လုံမြို့တွင် ဩဂုတ်လ(၁)ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Aug 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ရပ်ကွက်(၄)ခုတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(တတိယနေ့)ဆေးထိုးနှံခြင်းကို ၁-၈-၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်မှ ညနေ(၃:၀၀)နာရီအထိ ပင်လုံ မြို့ အထက(၁)ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း
Aug 02,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလများတွင် လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပရိယတ္တိစာသင်တိုက်များတွင် ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ပေးပို့လှူဒါန်းလာသည့် ဆွမ်းဆန်အိတ်များကို လွိုင်လင်မြို့နယ်ရှိ စာသင်တိုက်များသို့ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။