လွိုင်လင် ဩဂုတ် ၂
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလများတွင် လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပရိယတ္တိစာသင်တိုက်များတွင် ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ပေးပို့လှူဒါန်းလာသည့် ဆွမ်းဆန်အိတ်များကို လွိုင်လင်မြို့နယ်ရှိ စာသင်တိုက်များသို့ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဝင်းဆွေနှင့် တပ်မတော် အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း တွင် စာသင်တိုက် ငါးတိုက်သို့ သွားရောက်၍ ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ရှေးဦးစွာ ပင်လုံမြို့ရှိ နောင်ကွတ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဗလထံသို့ ဆွမ်းဆန်တော် (၁၁)အိတ်၊ ပင်လုံမြို့ပိဋိကတ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဥူးဝိဇာရဏ ထံသို့ ဆွမ်းဆန်တော် ( ၄၀)အိတ်၊ ပင်လုံမွေတော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဩစိန္န ထံသို့ ဆန်အိတ်( ၁၈)အိတ်၊ လွိုင်လင်မြို့ သာသနဝိပုလ္လဓာတ်တော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒ ထံသို့ ဆန်(၁၈)အိတ်၊ လွိုင်လင်မြို့ ရတနာစည်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တသီလာနန္န္ဒ ထံသို့ ဆွမ်းဆန်တော် (၈)အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ လွိုင်လင်မြို့နယ်တွင် (လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်)တို့၌ စာသင်တိုက် (၁၉)တိုက် ရှိပြီး ရဟန်း(၂၄)ပါး၊ ရှင်သာမဏ (၁၂၇၆)ပါး နှင့် သီလရှင်(၉)ပါးတို့အတွက် ဆွမ်းဆန်အိတ်စုစုပေါင်း (၁၈၈)အိတ်ကို လှူဒါန်းခြင်းဖြစ်ကြောင်း နှင့် အလားတူ လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်၌ စာသင်တိုက်ပေါင်း(၁၀၇) တိုက်မှ ရဟန်း၊ ရှင်သာမဏေ နှင့် သီလရှင်များအတွက် ဆွမ်းဆန်တော် စုစုပေါင်း (၈၈၈)အိတ်ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပေးပို့လှူဒါန်းခြင်းဖြစ်ကြောင်း လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိုးလွင်ဦး(လွိုင်လင်)