သတင်းများ

ရေဖြူမြို့နယ်၊ လဲရှောင်ရွာ၊ သံကိုင်းကျောင်းတိုက်ရှိ သံဃာတော်များနှင် လူပုဂ္ဂိုလ်များအား မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ကွင်းဆင်းစစ် ဆေးပေးရာ သံဃာ(၁)ပါးပိုးတွေ့ရှိ
Sep 12,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်ကာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လဲရှောင်ရွာ၊ သံကိုင်းကျောင်းတိုက်ရှိ သံဃာတော်များနှင် လဲရှောင်ရွာ လူပုဂ္ဂိုလ်တို့အား Mobile Test Kit Team အဖွဲ့က RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကွင်းဆင်းစစ်ဆေး ပေးခဲ့ကြောင်း သိရသည်။
ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၁၅၆၅ ဦး ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး
Sep 12,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများ ထိုးနှံပေးလျှက်ရှိရာ ယနေ့ထိ ၁၅၆၅ ဦး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန၊ ဦးဝင်းအောင် (ဒုတိယညွှန်ကြားရေးမှူး)ပုဂံရုံးခွဲထံကသိရသည်။
မိုင်းဆတ်မြို့ သဗ္ဗညုဘုန်းတော်ကြီးကျောင်း၌ ဆွမ်းဆန်၊ ဆီနှင့် ကုလားပဲ ဆက်ကပ်လှူဒါန်း
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆွမ်းဆန်၊ ဆီနှင့် ကုလားပဲ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီက သဗ္ဗညု ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီကျင်းပခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ရှေးဦးပြုစုခြင်းများ လေ့ကျင့်ဆောင်ရွက်
Sep 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ထိခိုက်ဒဏ်ရာရ ရှေးဦးပြုစုခြင်း လက်တွေ့ လေ့ကျင့်ခြင်းများကို ယနေ့ နံနက်ပိုင်းက သီပေါမြို့ရွှေကျောင်း ပဋိပတ္တိသာ့သနာ့ ရိပ်သာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ ကိုဗစ်-၁၉ စင်တာများသို့ အားဖြည့်အစားအစာများ ထောက်ပံ့လှူဒါန်း
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုင်းတုံမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စင်တာများသို့ အားဖြည့်အစား အစာများထောက်ပံ့လှူဒါန်းပေးခြင်းကို ယနေ့နံနက် (၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့၌  အောက်ဆီဂျင်အိုးများနှင့် Flow Meter များလှူဒါန်း
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန်အတွက် ယမန်နေ့က ကျွန်းလှမြို့နယ် ဓမ္မစကူးကော်မတီမှ ငွေကျပ် ၁၄ သိန်းတန်ဖိုးရှိ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး (အရည်ပါ) ၁၀ လုံးနှင့် Flow Meter  ၁၀ စုံအားလှူဒါန်းရာ မြို့မိမြိုဖအောက်ဆီဂျင် ကူညီစောင့်ရှောက်ရေး ကော်မတီ တာဝန်ရှိသူများက လက်ခံယူကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် (၂) ဦး  ထပ်မံဆေးရုံဆင်းခွင့်ပြုခဲ့ရာ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၄၇၇) ဦးရှိပြီဖြစ်
Sep 12,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ အနက်မှ ၂ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်တွင် (၁၃၅၀)ဦးအား ထိုးနှံပေး
Sep 12,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅)နှစ်အထက်နှင့် အုပ်စု(၁၂)စုအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။