သတင်းများ

မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုကာလသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပ
May 20,2022
အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုကာလသစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သမုတ်ကျေးရွာအုပ်စု ဗဂျီရှောင်ကျေးရွာတွင် ကျင်းပ၍ ပျိုးပင်မျိုးစုံ စုစုပေါင်း(၁၂၁၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဒေါပုံမြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေး လမ်းဘေးဝဲယာတလျောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေး၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှု အဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စသည်ဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းအချိန်က မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဒေါပုံမြို့နယ် ဗမာရပ်ကွက်၊ မင်းနန္ဒာလမ်း (Capitalအနီးရှိ) အမြင်မတင့်တယ်‌သော အမှိုက်/မြက်ချုံများ ရှင်းလင်းခြင်း လုပ်ငန်းများအား အနီးအနားရှိ ရပ်ကွက် နေပြည်သူ (၃)ဦးနှင့် မြို့နယ်စည်ပင်သာ ယာဝန် ထမ်းအင်အား ၂၁ ဦး၊ မြို့နယ်‌ခေတ္တ EO တို့ဖြင့် မြို့နယ်အတွင်းရှိ လမ်းများ၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနှုတ် မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ စသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာဖတ်ဝိုင်းကျင်းပ
May 20,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးCommunity Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)မှ ချစ်နိုင်(စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ”စာအုပ်အား လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းတစ်သောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်
May 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာသို့ မေ၂၀ရက်၊ နံနက် ၈ နာရီအချိန်တွင် သောက်သုံးရေဂါလံ (၁၆၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုး ဆောင်များထံက သိရသည်။
ပိုင်ကျုံမြို့ အမှတ်(၃)ရပ်ကွက်၌ ကျေးရွာလူထုကြံ့ကြံ့ခိုင်နိုင်စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်
May 20,2022
ကရင်ပြည်နယ်၊ ဘအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်၌ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသရှိ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများနှင့် နေရပ်ပြန်ပြည်သူများအား လူမှုကရုဏာနှင့်အကာအကွယ်ပေးခြင်းဆိုင်ရာ အကူအညီပေးရေးစီမံချက်ဖြင့် ကျေးရွာလူထုကြံ့ကြံ့ခိုင်နိုင်စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။
ပေါက်မြို့နယ်တွင် မိုးစတင်ရွာသွန်းသဖြင့် မိုးသီးနှံများ လှိုင်လှိုင်စိုက်ပျိုး
May 20,2022
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် မေလဆန်းပိုင်းက မိုးစတင်ရွာသွန်းခဲ့ရာ မြို့နယ် အတွင်းရှိ အိုင့်ကိုင်းကျေးရွာအုပ်စု၊ ညောင်ဝန်းပေါက်ကျေးရွာအုပ်စု၊ ခင်တန်းရှည်ကျေးရွာအုပ်စု၊ သစ်ညီနောင်ကျေးရွာအုပ်စု၊ တောင်မြင့်ကျေးရွာအုပ်စုများရှိ ကျေးရွာတောင်သူများသည် မိုးသီးနှံများ စတင်ထွန်းယက် စိုက်ပျိုးနေပြီဖြစ်ကြောင်း ဒေသခံ  တောင်သူများထံက သိရသည်။
မိုင်းဆတ်မြို့၌ ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်
May 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့မဈေးတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြစို့” ဆိုင်းဘုတ်တင်ပွဲကျင်းပ
May 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဆောင်ရွက်ကြမည့် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့” ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့  မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပခဲ့သည်။