မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုကာလသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပ

မြိတ် မေ ‌၂၀

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုကာလသစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သမုတ်ကျေးရွာအုပ်စု ဗဂျီရှောင်ကျေးရွာတွင် ကျင်းပ၍ ပျိုးပင်မျိုးစုံ စုစုပေါင်း(၁၂၁၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

မိုးကြိုကာလသစ်ပင်စိုက်ပျိုးပွဲတော်၌ မန်ဂျာရှားပျိုးပင်(၂၀၀)ပင်၊မဟော်ဂနီပျိုးပင်(၃၀၀)ပင်၊ ပျဉ်းကတိုး ပျိုးပင်(၃၀၀)ပင်၊ သင်္ကန်းပျိုးပင်(၃၀၀)ပင်၊ ခရေပျိုးပင်(၁၀၀)ပင်နှင့် တမလန်းပျိုးပင်(၁၀)ပင် ပျိုးပင်စုစုပေါင်း (၁၂၁၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများအား စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့ကြပြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများမှ ပျိုးပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက် )