သတင်းများ

လှိုင်မြို့နယ်၊ လှိုင်​မြင့်မိုရ်လမ်းသွယ်တွင် ရေမြောင်းရှင်းလင်းခြင်းများဆောင်ရွက်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီက လှိုင်မြို့နယ် ​(၁၀)ရပ်ကွက်၊လှိုင်​မြင့်မိုရ်လမ်းသွယ်တွင် ရေတင်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊‌‌ ရေစီး‌ရေလာဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်း‌ရေးနှင့်သန့်ရှင်း‌ရေးဌာမှ ဝန်ထမ်းများက ရေမြောင်းများရှင်းလင်းခြင်းနှင့်စင်္ကြံဘေး မြက်ရိုင်းပင်များ ရှင်းလင်းခြင်းအား သန့်ရှင်းရေးအဖွဲ့မှဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းငေါ့မြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် လွယ်ကြူအုပ်စုရှိ မွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
May 20,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့  ၁၀ နာရီအချိန်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးခဲ့ပါသည်။
ပခုက္ကူတက္ကသိုလ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်
May 20,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူ (ပထမနှစ်)မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်အမှာစကား ပြောကြားသည်။
ညောင်​လေးပင်မြို့နယ်​​၌ ၂၀၂၂-၂၀၂၃ခုနှစ်၊ လုပ်ငန်းရာသီအတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင် ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ်၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်
May 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
­ဘုတ်ပြင်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူ
May 20,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်  ၉ နာရီအချိန်က ပြည်ထောင်စုလမ်းမကြီးရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ဆိုင်းဘုတ် စိုက်ထူ
May 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”  အသိပေး မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက  စစ်တွေမြို့ ဦးဥတ္တမပန်းခြံ အရှေ့မျက်နှာစာတွင် စုပေါင်းစိုက်ထူပေးကြကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူ
May 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယမန်နေ့က  ပြည်နယ်ပညာရေးမှူး(ရုံးခွဲ)၊ ကျိုင်းတုံရုံးရှေ့၌စိုက်ထူခဲ့ကြောင်း သိရသည်။