သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာညသင်နှစ် ကျောင်းအပ်နှံရေးနေ့ လှုံ့ဆော်ဆိုင်းဘုတ်စိုက်ထူ
May 20,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနေ့ အသိပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၈နာရီက ဆိပ်ဖြူ - စလင်းသွား ကားလမ်းနှင့် ရတနာလမ်းဆုံ၌ ပြုလုပ်သည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တက္ကသိုလ်/ကောလိပ်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ တက္ကသိုလ်/ကောလိပ်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးလျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲက သမဝါယမကောလိပ်(မန္တလေး) ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
နောင်တရားမြို့၌ ချစ်ကြည်ရေးအမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
May 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လိုသည့် ရည်ရွယ်ချက်ဖြင့် ချစ်ကြည်ရေး အမျိုးသား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည်။
ပြည်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ
May 20,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး ဆရာ၊ဆရာမများ၊ သင်တန်းရေးရာဌာနမှူးနှင့် မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ယနေ့နံနက် ၇ နာရီက မြို့ပေါ်ရှိ ရွှေဥဒေါင်းရပ်ကွက်အတွင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကင်းပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၄) နှစ် သင်ပညာရေးဘွဲ့ ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ပထမနှစ် (ပထမနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
May 20,2022
ရန်ကင်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်သစ္စာလမ်းရှိ ရန်ကင်းပညာရေး ဒီဂရီကောလိပ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၄) နှစ်သင် ပညာရေးဘွဲ့ ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ ၁၀ အချိန်တွင် ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းဆောင်ရွက်
May 20,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ​ပြည်သူများစာပေနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှု လေ့လာလိုသည့် ​ပြည်သူများထံသို့ စာအုပ်များ အရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ယမန်နေ့ နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။