သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူ
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်အား ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းပပျောက်စေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက သာယာဝတီမြို့ပေါ်ရှိ ပြည်သူများအား တတိယအကြိမ်ကာကွယ်ဆေး ထိုးနှံကြသူများနှင့် ကာကွယ်ဆေး မထိုးနှံရသေးသူများကို စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း​ဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွန်မှုဖြင့် ​ရွှေဘိုမြို့​ရှေး​ဟောင်းကျုံးများအတွင်း သန့်ရှင်းသာယာလှပ​ရေး လုပ်ငန်း​ဆောင်ရွက်​နေမှု ကွင်းဆင်းကြည့်ရှု
May 20,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့သည် ရှေးဘုရင်များ နန်းစိုက်ရာ သမိုင်းဝင်မြို့ တစ်မြို့ဖြစ်သည်နှင့်အညီ မြို့ပတ်လည်တွင် ကျုံးများဖြင့်ဝန်းရံလျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) ရာနှုန်ပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉ နာရီက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီစုရပ် ဆေးထိုးစင်တာ၊ ရွှေပေါက်ကံဒေသန္တရဆေးခန်းနှင့် “က”စျေးဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် ရိုးစောင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ရံပုံငွေသိန်း (၃၆၀)ကျပ်ထုတ်ချေး
May 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပွဲစားဂုံညင်းတန်းကျေးရွာအုပ်စု၊ ရိုးစောင်းကျေးရွာသို့ မြစိမ်းရောင်စီမံကိန်း ရံပုံငွေသိန်း (၃၆၀)ကျပ်ကို ယနေ့နံနက်ပိုင်းက ကျေးရွာအရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက‌ ဒေါပုံမြို့နယ် အလက (၄) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 20,2022
(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သာကေတမြို့နယ်တွင် ကာတွန်းအ​ခြေခံ​ရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
May 20,2022
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ သာ​ကေတမြို့နယ်​၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယ​နေ့နံနက်(၁၀:၀၀)နာရီအချိန်၌ ​ကာတွန်းရေးဆွဲနည်းသင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။