သတင်းများ

ငပုတောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Sep 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ ငါး၊ ပုဇွန်အဝယ်ဒိုင်လုပ်ငန်းရှင်များမှ ပူးပေါင်း၍ ငပု‌တောမြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၇ နာရီအချိန်က ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက် မြို့မဈေး၌ ငါးများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။
လွိုင်ကော်မြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Sep 29,2022
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွှဲပိုင်းက လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဘီးလင်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Sep 29,2022
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းကျင်းပ
Sep 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စက်တင်ဘာလ၊ ဒုတိယပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်ဦး အတွင်ရေးမှူး၊ မြို့နယ်ရဲမှူး မြင့်ရွှေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
စစ်တွေမြို့နယ်၌ ပြည်နယ်ရန်ပုံငွေကျပ် ၁၁၂ ဒသမ ၂၀၀ သန်းဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်
Sep 29,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်တွေမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၁၂ ဒသမ ၂၀၀ သန်းဖြင့် စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ဆောင်ရွက်သည့် ကျေးလက်ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှသိရသည်။
ပန်းခင်းစီမံချက်၂ ဖြင့် ပြုလုပ်ပေးခဲ့သည့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ
Sep 29,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ၂ ဖြင့် ပြုလုပ်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ဟင်္သာတမြို့ သုံးပင်ကွင်းရပ် ဆယ်ထပ်ကြီး ဘုရားတန်ဆောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
သန်လျင်မြို့၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး Talk Show ကျင်းပ
Sep 29,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်)နှင့် ခရိုင် ပတ်ဝန်းကျင်ထိမ်းသိန်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Sep 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက်(၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါပိုး စောင့်ကြည့်ထိန်းချုပ်နိုင်ရေးနှင့်