သတင်းများ

ဘိုကလေးမြို့နယ်တွင် နဝမအကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲကျင်းပ
Oct 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံကြီးရှိ သိမ်တော်အတွင်းတွင် ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ ယနေ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ နေ့လယ် (၁၂)နာရီ၌ နဝမအကြိမ်မြောက်အဖြစ် ဘိုကလေးမြို့၊ မြို့မဂိုဏ်းမှ ဆရာတော်ကြီးများနှင့် သာသနာ့ဝန်ဆောင် ရဟန်းတော်များသည် သံဃာ့မဟာပဝါရဏာပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
ဖျာပုံမြို့လောကမာန်အောင်မြောက်ပိုင်းဘုရားကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးများဖြင့်စည်ကား
Oct 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သလိပ်ကြီးကျေးရွာ၊ လောကမာန်အောင်မြောက်ပိုင်းဘုရားကြီးတွင် အောက်တိုဘာလ (၉)ရက်နေ့ နံနက် (၈)နာရီအချိန်မှစတင်ကာ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်
Oct 09,2022
ကရင်ပြည်နယ်မှ ထူးချွန်ထက်မြတ်သည့် အမျိုးသမီး ရွက်ပုန်းသီးအားကစားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် နေပြည်တော်တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုများ ရယူဆွတ်ခူးနိုင်ရန် ရည်ရွယ် ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏  ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်း အနားကျင်းပ
Oct 09,2022
မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ ‌အောက်တိုဘာ ၉ ရက်  နံနက် ( ၅ ) နာရီ (၃၀)မိနစ်အချိန်၌ ဆံတော်ရှင် ကျိုက်ထီးရိုး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့်စည်ကား
Oct 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးလာပြည်သူများ၊ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိပြီ
သမိုင်းဝင်ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ဘုရားဖူးသူများဖြင့် စည်းကား
Oct 09,2022
၁၃၈၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် သီတင်းကျွတ် လပြည့်နေ့သည်  (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာဝင်ပြည်သူများသည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍
ကျောက်ဖြူမြို့တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ ပေါ်တော်မူကံ့ကော်တောဘုရားသို့ ဥပုဒ်သီလဆောက်တည်ရန်လာသူများ၊ ဘုရားဖူးလာသူများဖြင့် အထူးစည်ကား
Oct 09,2022
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာနေ့တွင် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်ဆုတောင်းပြည့်တန်ခိုးကြီးဘုရားဖြစ်သော ပေါ်တော်မူကံ့ကော်တောဘုရား၌ ဥပုဒ်သီလဆောက်တည်ရန် လာရောက်ကြသူများ၊ ဘုရားဖူးလာရောက်ကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ သက္ကရာဇ် ၆၆၈ခုနှစ်တွင် တည်ထားခဲ့သည့် ရှေးဟောင်းသမိုင်းဝင် မြစည်းခုံဘုရားပွဲစည်ကားသိုက်မြိုက်စွာကျင်းပ
Oct 09,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စည်ပေါက်ကန်ကျေးရွာအနီးတွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင်မြစည်းခုံဘုရားပွဲကို၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့၊ ယနေ့တွင် အနီးဝန်း ကျင်ကျေးရွာများမှ မိရိုးဖလာ မိသားစုဘုရားအဖြစ် ဘုရားဆွမ်းချသူများ၊ မြို့ပေါ်မှ ဘုရားဖူးလာပြည်သူများ၊ ကျေးရွာအလိုက် တံခွန်သွင်းအဖွဲ့များ၊နယ်လှည့်ဈေးသည်များဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိကြောင်း သိရသည်။