သတင်းများ

သရက်ချောင်းမြို့နယ်တွင် (၂၀၂၃–၂၀၂၄)ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ပြုလုပ်
Dec 08,2023
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသော ကျောင်းသား/လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၂–၂၀၂၃)ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က သရက်ချောင်းမြို့၊ ပန်းတောဘောလုံး ကွင်း၌ ပြုလုပ်ခဲ့သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 08,2023
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၆×၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးအောင်မင်း၊ ဥပဒေချုပ်ဦးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးသက်လှိုင်ထွန်းတို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အမျိုးသမီးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် သင်တန်းသူများ၊ ဧည့်သည်တော်များ၊ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မန္တလေးစွယ်တော်မြတ်စေတီ(၂၈) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတွင် မသိုးသင်္ကန်းရက်လုပ်ပွဲ၊ ဆီမီး ၉၀၀၀ထွန်းညှိပူဇော်ပွဲ၊ ဝတ်ရွတ်ပွဲနှင့်ဆွမ်းတော်ကြီး လောင်းလှူ ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီး၊ မန္တလေး-ရန်ကုန် လမ်းဟောင်းဘေးတွင် တည်ထား ကိုးကွယ်တော်မူထားသည့် မန္တလေးစွယ်တော်မြတ်စေတီ တော်ကြီးတွင် လာမည့်နတ်တော်လဆန်း ၃ ရက်နေ့ညတွင် ၂၈ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မသိုးသင်္ကန်းရက်လုပ်ပွဲ၊ ဆီးမီး၉၀၀၀ထွန်းညှိပူဇော်ပွဲနှင့် ဝတ်ရွတ်ပွဲ၊နတ်တော်လဆန်း ၄ ရက်နေ့တွင် ပင့်သံဃာတော်များအား ဆွမ်းတော်ကြီးလောင်းလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နံနက်ပိုင်းက အဆိုပါ ဘုရားပရဝုဏ် အတွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနား ကျင်းပ
Dec 08,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သ၀ဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား မုံရွာမြို့၌ ကျင်းပ
Dec 08,2023
၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် ၂၀၂၃ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း သမဝါယမလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းဇော်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်တို့ ပါဝင်သောအဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြို့နယ်သမဝါယမအသင်းစုနှင့် အခြေခံသမဝါယမအသင်းများသို့ သွားရောက်၍ သမဝါယမလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှူစစ်ဆေးခဲ့ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ကျင်းပ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို  ယနေ့နံနက် ၁၀ နာရီအချိန်က ဝဲဒေါင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကဝတွင် ၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အ.ထ.က (ကဝ) ကျောင်း၊ ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။