သတင်းများ

လဲချားမြို့ လူထုအခြေပြု (Community Centre)တွင် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 15,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(Community Centre)တွင် ယနေ့နံနက် ၉ နာရီအချိန်က စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 15,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးရေးအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ (ထက်၊ လယ်/ မူ)အဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ
Dec 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အခြေခံပညာ (ထက်၊လယ်/ မူ) အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 15,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထက် /လယ်/မူအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ကျိုင်းလပ်မြို့၌ ခရစ္စမတ်(အကြို) ပိုက်ကျော်ခြင်းနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ခရစ္စမတ်(အကြို) ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ဝမ်လုံရပ်ကွက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ငလျင်ဘေးသဏ္ဌာန်တူဇတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Dec 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ငလျင်ဘေးသဏ္ဌာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု အသိပညာပေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက်၊ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသ
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က အခြေခံပညာ မူလတန်းလွန်ကျောင်း (နွားထောင်)၊ အခြေခံပညာမူလတန်း‌ကျောင်း (အင်းကုန်း)၊ အခြေခံ ပညာ မူလတန်းကျောင်း (သောင်ရွာ)၊ အခြေခံပညာမူလတန်းကျောင်း (ကျောင်းကုန်း) တို့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က နယ်လှည့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ခင်းကျင်ပြသခဲ့ကြသည်။
ပင်းတယမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေး
Dec 15,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။