သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသစားရေရိက္ခာဖူလုံရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Jul 22,2024
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ‌ငွေဖြင့်  ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ပိုမို တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမတည်ငွေများ တိုးမြှင့်ထောက်ပံ့ပေးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှ စတင်၍ ပူတာအိုမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ရေဘေးသင့်ပြည်သူများစားသောက်ရေး အဆင်ပြေစေရန် ကြက်ဥများ ထောက်ပံ့
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် နန်းတော်ကျွန်းကျေးရွာမှဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ အလှူရှင်ချစ်သဲဦးမိသားစုက အိမ်တိုင်ရာရောက်သွားရောက်၍ ကြက်ဥများထောက်ပံ့ပေးအပ်သည်။
မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများ ထုတ်ပေး
Jul 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများ၏ ပင်စင်လစာများကို ယနေ့ နံနက် (၉) နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အ.မ.က (ကုလားကိုင်း)တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။
ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇူလိုင်လအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် ၆ နာရီမှ စတင်၍ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအားနေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Jul 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာဖွံ့ဖြိုးပြီး လွယ်ကူစွာမွေးဖွားနိုင်ရန် ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးခြင်းနှင့် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိသည်။
ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျှော့ချ​ရေး ကွင်းဆင်းစစ်​ဆေး ​ဆောင်ရွက်
Jul 22,2024
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍​ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက်စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေးအသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Jul 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။