သတင်းများ

စလင်းမြို့နယ်တွင် ဧရာပဒေသာဆန်များအား ရည်ညွှန်းစျေးနှုန်းထက်လျှော့ချ၍ အိမ်ထောင်စု (၁၂၀) အား ရောင်းချပေး
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းစျေးထက်လျှော့ချ၍  ဆန်များရောင်းချပေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ဆန်စက်လုပ်ငန်းရှင်များပူးပေါင်းကာ ပေါင်းနားရပ်ကွက်၊ တောင်သီတပ်ရပ်၊ ရပ်ကွက်ဝတ်ဇရပ်ရှေ့၌ တစ်ဦးလျှင် ဧရာပဒေသာဆန်နှစ်ပြည်နှုန်းဖြင့် ယနေ့နံနက်(၈)နာရီအချိန်က စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဒဂုံတက္ကသိုလ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့တက်ရောက်
Jul 22,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြသစ်တောများဖြင့် စိမ်းလန်းစိုပြည်စေရန်၊ သဘာဝသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲနိုင်စေရန်နှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဆဋ္ဌမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများထုတ်ပေး 
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများကို ယနေ့နံနက်(၈)နာရီကစတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ တဖြည်းဖြည်းကျဆင်းနေသော်လည်း စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနေ
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာ ကျော်လွန်ကာ ၁၇၉၄ စင်တီမီတာမှ တဖြည်းဖြည်းကျဆင်းလျက်ရှိကြောင်း မင်းဘူးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကျိုက်လတ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျွန်းစုမြို့တွင် စာဖတ်ရှိန် မြင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ် ၂ ရပ်ကွက်ရှိ ပန်းရနံ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Jul 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါတားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်(၇) ရပ်ကွက်အတွင်း အဖွဲ့(၅)ဖွဲ့ခွဲပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် နေအိမ်သို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်ရန်နှင့် မြို့နယ်အတွင်းမှ ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက်  ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။