သတင်းများ

သန်လျင်၌ကျင်းပမည့်  စာဖတ်ရှိန်မြှင့်တင်ရေးကြိုတင်ပြင်ဆင်မှုများအား ကွင်းဆင်းကြည့်ရှု
Aug 09,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ လာမည့်ဩဂုတ် (၃၀)ရက်တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကြိုတင်ပြင်ဆင်မှုများအား ဩဂုတ်လ ၇ ရက်နေ့မွန်းလွဲ (၁)နာရီအချိန်တွင် အခမ်းအနားကျင်းပမည့် အ.ထ.က(၁)သန်လျင်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် ဦးစီးအရာရှိ ဒေါ်အိအိမွန်တို့သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့်အတူ အခမ်းအနားကျင်းပမည့် ရတနာရှင်းသန့်ခန်းမ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပမည့်နေရာ၊ စာအုပ်အရောင်းဆိုင်နှင့် ဂိမ်းကစားမည့်နေရာများအား လိုက်လံကြည့်ရှုကြသည်။
ပုလောမြို့နယ်၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Aug 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့နေ့လယ် (၂)နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်မိုးစပါး ၃၃၁၅၅ ဧက စိုက်ပျိုးပြီးစီး
Aug 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရန် ၄၆၇၅၇ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ မိုးစပါး ၃၃၁၅၅ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် မုန်ပင်ဆည်ကျေးရွာ၌ ​ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း
Aug 09,2024
မန္တ​လေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာ‌ရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကန်တောင်ကျေးရွာအုပ်စု၊ မုန်ပင်ဆည်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့်‌‌ အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ ငှားရမ်း
Aug 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများနှင့်‌ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်များတွင် စာအုပ်စာစောင်များ ဖတ်ရှုသည့် အ‌လေ့အကျင့်‌ကောင်းများရရှိ‌စေရန် အခြေခံပညာကျောင်းများ ရပ်ကွက်/ကျေးရွာများအရောက် အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရေးအတွက် ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းက မူလွန်(လက်ခိုက်)နှင့် အ.ထ.က(နတ်စင်ကုန်း)ကျောင်းများသို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များငှားရမ်း‌ပေးခဲ့ကြောင်း သိရသည်။ 
မြစ်သားမြို့နယ် ရွာသစ်ကျေးရွာတွင် ရွှေဖလားမျိုးကြက်သွန်နီ ပျိုးထောင်စိုက်ပျိုး
Aug 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ရွာသစ်ကျေးရွာ ကွင်းအမှတ်(၄၄၂)၊ မြစ်ဆုံလေးကွင်း၌ တောင်သူဦးဇော်နိုင်စိုက်ပျိုးထားသော ရွှေဖလားမျိုးကြက်သွန်နီပျိုးထောင် စိုက်ခင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့ ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်များအတွင်း တင်ကျန်ရစ်ခဲ့သော အမှိုက်ရွှံ့နွံများ ဆက်လက်ရှင်းလင်း
Aug 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဩဂုတ်လအတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ တင်ကျန်ရစ်ခဲ့သော အမှိုက်ရွှံ့နွံများကို စည်ပင်သာယာရေးဌာနမှ ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိဆောင်ရွက်မည့် (၂၀၂၄) ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၆ ရက်နေ့ နေ့လည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။