သတင်းများ

မဟာအောင်မြေမြို့နယ်၌ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Mar 08,2024
မန္တ​လေးခရိုင်၊ မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ နွေရာသီ အခြေခံ အားကစားသင်တန်းများအား ဖေဖော်ဝါရီလတွင်စတင်လက်ခံပေးခဲ့ရာ မတ်လ(၁) ရက်နေ့မှ (၃၀)ရက်နေ့အထိ  အားကစားနည်းများအလိုက် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပခုက္ကူမြို့၊ စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ G-12 တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်အခန်းများ ပြင်ဆင်ထားမှု ကြည့်ရှုစစ်ဆေး
Mar 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုမည့် G-12 တက္ကသိုလ်ဝင် စာမေးပွဲအခန်းများ ပြင်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ
Mar 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာရေးဆရာ မောင်မိုးယံ ရေးသားသော “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ်လ၆ရက်နေ့ မွန်းလွဲ(၂)နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြော
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
နတ်မောက်မြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အုတ်ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်ပေး
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေး အုတ်ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ပြုပြင်ခြင်းကို ယမန်နေ့က ကန်ကြီးရပ်ကွက်ရှိ ရွှေဘုံသာလမ်းဘေး အုတ်ရေမြောင်းများတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 08,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မြို့ပေါ်/ကျေးရွာများတွင် ဖွင့်လှစ်လျက်ရှိသော စာကြည့်တိုက်များ ရေရှည်တည်တဲ့တံ့ခိုင်မြဲစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေလယ် (၁၂)နာရီခွဲက တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။