သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် အောင်လံမြို့ မြို့ပတ်လမ်း-အဝေးပြေးယာဉ်ရပ်နားစခန်း ချိတ်ဆက်လမ်းနှင့် ယာဉ်ရပ်နားစခန်း တည်ဆောက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Mar 04,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် အောင်လံမြို့ မြို့ပတ်လမ်း-အဝေးပြေးယာဉ်ရပ်နားစခန်း ချိတ်ဆက်လမ်းနှင့် ယာဉ်ရပ်နားစခန်း တည်ဆောက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာများတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်သင်ကြား
Mar 04,2024
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၅)ဦးကို အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Mar 04,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိဓမ္မာရုံ၌ ပြုလုပ်သည်။
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီနှင့် အင်္ဂလိပ်( Grammar) သင်တန်း (၁/ ၂၀၂၄) ဖွင့်လှစ်
Mar 04,2024
စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံပန်းချီနှင့် အင်္ဂလိပ်(Grammar) သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲကို မတ်လ(၄)ရက်၊ နံနက်(၁၀)နာရီက စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 04,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လားရှိုးခရိုင် မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Mar 04,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် (၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်စာမေးပွဲစာအောင်ဆုချီးမြှင့်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Mar 04,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကော့သောင်းမြို့နယ်လုံးဆိုင်ရာ (၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာပြန်စာမေးပွဲစာအောင်ဆုချီးမြှင့်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်တော်အေးသာသနာဗိမာန်တော်တွင် ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ကြီးကြပ်‌‌ရေးဆရာတော်ကြီးများ၊ စာ‌‌ထောက်၊ စာမဆရာတော်များ၊ ပုစ္ဆကဆရာတော်၊ စာအောင်သံဃာတော်များနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာပြန်ပွဲဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်၊ မှန်ကျောင်းတိုက်ကြီးတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Mar 04,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်၊ မှန်ကျောင်းတိုက်ကြီးတွင် ဆရာတော် ဦးပရမဦးစီး၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဖွင့်လှစ်ခဲ့သည်။