သတင်းများ

ကျိုက်ထိုမြို့နယ် အ.မ.က(ကော်ခြံ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်
Jun 20,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ အမက(ကော်ခြံ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။
သန်လျင်မြို့ ကလေးစာဖတ်ခန်းမ၌ ပုံပြင်ပြောပွဲနှင့် ပြတိုက်ငယ် (Mini Museum) အား လေ့လာကြည့်ရှု
Jun 20,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဇွန်လ ၁၇ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
ရွှေကျင်မြို့ သောင်လယ်ကျေးရွာတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်ပေး
Jun 20,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် သောင်လယ်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ် မူလွန်အောင်မင်္ဂလာ(၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲ ပြုလုပ်
Jun 20,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇွန် (၁၈)ရက် နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ မူလွန်(အောင်မင်္ဂလာ-၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်‌ရေးရာဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြ‌သည်။
ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jun 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မူးယစ်ဆေးဝါးများအန္တရာယ် ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်သွားရန် ရည်ရွယ်၍ ကမာရွတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးများအကြောင်း အသိပညာပေးဟောပြောပွဲကို ကမာရွတ်မြို့နယ် လူထုအေခြပြုဗဟိုဌာန (Community Center) တွင် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် မိုးစပါးအပြည့်အဝစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍရည်မှန်းချက်များ အောင်မြင်စေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Jun 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးအပြည့်အဝစိုက်ပျိုးရေး၊ လယ်ယာကဏ္ဍရည်မှန်းချက်များ အောင်မြင်စေရေးအတွက် မိုးစပါးစိုက်ပျိုးသည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရင်းတိုက်ကွင်းကျေးရွာအုပ်စု၊ ရွှေခေတ်သစ်ခန်းမ၌ ကျင်းပခဲ့သည်။
အလုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 20,2025
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.မ.က(၄)ကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် မိုးကြိုကာလ ရေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် စက်တပ်သမ္မာန်ငယ်မောင်းနှင်ခွင့်သင်တန်း ဖွင့်လှစ်
Jun 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်၊ သန္တိသုခဓမ္မာရုံ၌ ဇွန်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က မိုးကြိုကာလ ရေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် စက်တပ်သမ္မာန်ငယ် မောင်းနှင်ခွင့်သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။