သန်လျင်မြို့ ကလေးစာဖတ်ခန်းမ၌ ပုံပြင်ပြောပွဲနှင့် ပြတိုက်ငယ် (Mini Museum) အား လေ့လာကြည့်ရှု

ရန်ကုန် ဇွန် ၂၀

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဇွန်လ ၁၇ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စမ်းစိမ်းစိမ့်က ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန် ကျောင်းသား၊ ကျောင်းသူများအား “ကလေးတို့အတွက် မြန်မာစကားပုံများ” ခေါင်းစဉ်စာအုပ်ဖြင့် ဖတ်ရှုပြောပြခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက သန်လျင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ပြတိုက်ငယ် (Mini Museum)တွင် ပါရှိသည့် ခရိုင်အတွင်းရှိ အထင်ကရမှတ်တမ်း၊ ရှေ့ဟောင်းသမိုင်းဝင်မှတ်တမ်း၊ မြို့နယ်အတွင်းရှိ တက္ကသိုလ်မှတ်တမ်း၊ ဖွံ့ဖြိုးတိုးတက်လာသော အိမ်ရာစီမံကိန်းမှတ်တမ်းများ၊ ဒေသထွက် လက်မှုပစ္စည်းများအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)