သတင်းများ

တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စမ်းသပ် စစ်ဆေးမှုဆောင်ရွက်
Mar 11,2020
မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နေ့လယ် ၂ နာရီက ကျန်းမာရေး စမ်းသပ်စစ်ဆေးမှုများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည်။
ချောင်းဦးမြို့နယ် ကျေးလက်ဦးစီးဌာနတွင် ယိုမျိုးစုံနှင့် မုန့်ဖုတ်နည်းသင်တန်း ဖွင့်လှစ်
Mar 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ယိုမျိုးစုံနှင့် မုန့်ဖုတ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်သည်။
အုတ်ဖိုမြို့ အထက ကျောင်းအနီး မီးလောင်မှုဖြစ်ပွား
Mar 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ ရွာမ(၅)လမ်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သည့် ကျောင်းသူတစ်ဦးအား ယာဉ်ထိန်းတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့
Mar 11,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ယနေ့ နံနက်(၉) နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန တစ်ခု ဖြစ်သော အထက-၁ စာစစ်ဌာနတွင် ဖြေဆိုမည့် ကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့မှ အရေးပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
လောက်ကိုင်မြို့၌ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ
Mar 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း လောက်ကိုင် စာစစ်ဌာန၌ ယနေ့နံနက်(၉) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ လူငယ်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Mar 11,2020
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းတို့ ပူးပေါင်း၍ လူငယ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ ကျော်သူလမ်းရှိ တြိရတနရက္ခိတဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသံထွက် စာဖတ်ခြင်း သင်တန်းဖွင့်လှစ်
Mar 11,2020
ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသံထွက်စာဖတ်ခြင်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။
ဝန်းသိုမြို့၌ ရပ်ရွာအခြေပြု မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Mar 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျေးလက်နေပြည်သူများ အိမ်တွင်းမှုအတတ်ပညာများဖြင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်လာစေရန်၊ ကုန်ကျစရိတ် နည်းနည်းဖြင့် မုန့်မျိုးစုံကို ပြုလုပ်နိုင်စေရန်နှင့် အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့သည်။