သတင်းများ

သရက်ခရိုင် အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ရွေးကောက်ပွဲဆိုင်ရာ သိကောင်း စရာ များပြသထား
Aug 13,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာ ထားပြီးဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူများအလွယ်တကူ လေ့လာ နိုင်ရန် အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် နံရံကပ်စာစောင်ပြုလုပ်၍ ဩဂုတ် လဆန်းပိုင်းမှ စတင် ကာ နေ့စဉ်ခင်းကျင်းပြသထား ကြောင်းသိရသည်။
နမ္မတူမြို့တွင် အများပြည်သူ အသိပညာတိုးပွားစေရေး အသိပညာပေးမြေစိုက်နံရံကပ်စာစောင်များ ပြသဆောင်ရွက်
Aug 13,2020
အများပြည်သူ အသိပညာတိုးပွားစေရေး အသိပညာပေးမြေစိုက်နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာလိမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း
Aug 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အခြေခံပညာ အထက်တန်း ကျောင်း၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၊ ကွန်ဟိန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကိုဗစ် -၁၉ ရောဂါကြို တင်ကာကွယ်ရေး ပစ္စည်းများလှူဒါန်းခြင်း၊ Social Distancing နှင့် အညီ စနစ်တကျ လိုက်နာ ဆောင်ရွက် ခြင်းရှိ/မရှိ အခြေအနေများကို ကျောင်းကျန်းမာရေးဌာန တာဝန်ရှိသူများမှ ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
တမူးခရိုင်၊ မြို့သစ်မြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ စည်ပင်သာယာရေးအဖွဲ့မှ မြို့ရွာများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထားဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရံပုံငွေ၊ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ထောက်ပံ့ရံပုံ ငွေနှင့် သာမန်ပြင်ထိန်းလုပ်ငန်းများမှ သဲကျောက်လမ်း(၂)လမ်း၊ ကွန်ကရစ်လမ်း (၁) လမ်း၊ ကွန်ကရစ်တံတား (၃) စင်း၊ စက်ရေတွင်း(၁)တွင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ အခမဲ့ဖြန့်ဝေ
Aug 13,2020
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တက်ရောက်ကြမည့် ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ငရုတ်ကောင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိရေး ကွင်းဆင်းဆောင်ရွက်
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘိုနိုင် ဦးဆောင်၍ ဝန်ထမ်းများက ဓမ္မိကာရုံ ကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းရှိ ဆင်ဝန်ထမ်းများနှင့် ဆင်များအတွက်T.N.C မိသားစုမှ ထောက်ပံ့ငွေများလှူဒါန်း
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းရှိ ဆင်ဝန်ထမ်းများနှင့် ဆင်များအတွက် The Nature Conservancy (T.N.C) မိသားစု မှ ထောက်ပံ့ငွေများ လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဆင်စခန်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် ပန်ဟတ်ကျေးရွာမူလတန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 13,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့် ဝန်ထမ်းများက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက တံခွန်တိုင်ကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာ မူလတန်းကျောင်းတွင် အသက် ၁၈ နှစ်ပြည့်ပြီး ကျေးရွာပြည်သူ ၃၆ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။