သတင်းများ

ကသာမြို့၊ ပတ္တမြားရပ်ကွက်၌ မဏိဥတ္တရာ အဘိဓမ္မာသင်တန်းနှင့် မဏိဥတ္တရာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်
May 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ ပတ္တမြားရပ်ကွက်၌ ဖွင့်လှစ်ခဲ့သည့် မဏိဥတ္တရာ အဘိဓမ္မာ သင်တန်းနှင့် မဏိဥတ္တရာယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်ပညာသင်ယူခဲ့သော သင်တန်းသားများအား ယမန်နေ့ညနေ (၄) နာရီအချိန်ခန့်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကံမမြို့၌ ကဆုန်လပြည့်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
May 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီက ကံမမြို့ အမှတ် (၄) ရပ်ကွက်၊ ကန်လယ်ဘုရား ဓမ္မာရုံမှစုရပ်အဖြစ် စတင်၍ ဘုန်းတော်ကြီးကျောင်း(၁၉)ကျောင်းမှ ဆရာတော်သံဃာတော်အပါး (၁၀၀) တို့က မြို့တွင်းသို့ အလှူခံကြွတော်မူခဲ့ကြသည်။
တံတားဦးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ( Talk Show ) ကျင်းပ
May 26,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန Community  Centre ခန်းမတွင်    မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး    အသိပညာပေး ဆွေးနွေးပွဲ ( Talk Show ) ကျင်းပကြောင်းသိရသည် ။
မိတ္ထီလာတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 26,2021
မိတ္ထီလာတွင် ဒေသခံတောင်သူများအား ၂ဝ၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး မိတ္ထီလာခရိုင်ဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးကြောင်း ခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်ခင်ဆွေမျိုးတင် ထံက သိရသည်။
ဘားအံမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ပြည်သူများ ညောင်ရေသွန်း
May 26,2021
ကရင်ပြည်နယ်၊ ဘားအံမြို့ ကျက်သရေဆောင် သေဌမာရ်အောင်ဘုရားကြီးနှင့် ရွှေယဉ်မျှော်ဘုရား တို့တွင် ပူဇော်စိုက်ပျိုးထားလျက်ရှိသော မဟာဘောဓိညောင်‌ပင်အား  ကဆုန်ညောင်ရေသွန်း လောင်းလှူခြင်းကို ယမန်နေ့ ညနေပိုင်းက ပြည်သူများက မြတ်စွာဘုရားအား ရည်မှန်း၍ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။
ကာလိမြို့ အခြေခံပညာစာသင်ကျောင်းများ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြန်လည်ဖွင့်လှစ်နိုင်ရေး အခမဲ့ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်
May 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံခြင်းများ အခမဲ့လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်ရှိ ကျေးရွာ(၆)ရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်
May 26,2021
ဒေသခံတိုင်းရင်းသားပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်အယ်(မြောက်)၊ လီမွန်၊ တံတားဦး၊ လိုက်တနျား၊ နမ့်ဟူးကျေးရွာနှင့် ဖာလိုင်(ရှေ့)ကျေးရွာ တို့တွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
ကန့်ဘလူ၌ ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
May 26,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်တွင် ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ကျင်းပရာ မြို့ပေါ် ကျောင်းတိုက်များရှိ ပင့်သံဃာ ဆရာတော် သံဃာတော် ၂၃၄ ပါး၊ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး ဆရာလေး ၄၁ ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်းထူးမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက စုပေါင်းလောင်းလှူကြသည်။