မောက်မယ်မြို့နယ်တွင် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jun 01,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နွေစပါးစိုက်ပျိုးမည့်အစား နွေနှမ်းများကို စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဦးဆောင်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဆင်းရတနာ ၁၄ နွေနှမ်းမျိုးအား ယခင်နှစ်က စမ်းသပ်စိုက်ပျိုးပြသခြင်းကို တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာမှ ယခုနှစ်တွင် တောင်သူများ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးခဲ့ကြသည်။