ပွင့်ဖြူမြို့နယ်၌ အသိပညာပေးလက်ကမ်းစာစောင်(၃)မျိုး ပြည်သူများထံ ဖြန့်ဝေပေး
Jul 18,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များ၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်(၃)မျိုးအား ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ပြည်သူများထံ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။