မင်းဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း
Aug 06,2021
မေး။ ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုမှာ ဆရာရဲ့ နာမည်လေးနဲ့ ဆရာပါဝင်ဆောင်ရွက်ရတဲ့အပိုင်းလေးကို ပြောပြပေးပါရှင်။
ဖြေ။ ကျွန်တော်ကတော့ မင်းဘူးပြည်သူ့ဆေးရုံမှာ တာဝန်ကျနေတဲ့ ကျန်းမာရေးမှူးအဆင့်(၁) ဦးလှိုင်မျိုးကျော်ပါ။ တာဝန်ယူဆောင်ရွက်ရတာ ကျွန်တော်တို့က ဒီမှာ ကာကွယ်ဆေးထိုးနှံမယ်ဆို မြို့နယ်ထွေအုပ်ရော၊ ဘာတွေရော သူတို့စီစဉ်ပြီး စာရင်းကောက်တာတွေရှိတယ်။ ကျွန်တော်တို့ကတော့ ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ ဆရာ/ဆရာမတွေနဲ့ ချိတ်ဆက်ပြီးတော့ ကာကွယ်ဆေးထုတ်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းတွေ ပြင်ဆင်ဆောင်ရွက်ရတာပေါ့။