သတင်းများ

ရမည်းသင်းမြို့နယ်၊ အ.ထ.က (မြို့မ) ကျောင်း၌ အခမ်းနားမှူးသင်တန်းဖွင့်ပွဲ ကျင်းပ
Dec 03,2025
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား မြန်မာစာ၊ မြန်မာစကားကို ဌာန်ကရိုဏ်းကျကျ၊ အသံထွက်မှန်မှန်၊ သဒ္ဒါမှန်မှန်၊ အဖြတ်အတောက်မှန်မှန် သုံးစွဲနိုင်ရန်နှင့် အခမ်းအနားမှူးလုပ်ငန်းကို သိရှိနားလည်ကျွမ်းကျင်လာစေရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို အ.ထ.က (မြို့မ) ကျောင်း ဓမ္မာရုံ၌   ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်၌ အခြေခံမဲစာရင်းတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ မကျန်ရှိစေရေး Door To Door စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်
Dec 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် အခြေခံမဲစာရင်းတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ မကျန်ရှိစေရေးရည်ရွယ်ကာ မဲစာရင်းများကို Door To Door စနစ်ဖြင့် အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 03,2025
ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတက်စေရန်၊ တန်ဖိုးထားတတ်စေရန်၊ အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမက( ဖိုးခေါင်)နှင့် အမက( ကူကြီး)ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရမည်းသင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များအား Installations ပြုလုပ်ခြင်း ဆောင်ရွက်
Dec 03,2025
ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များအား Installations ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Dec 03,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအသီးသီး၌  ကပ်ထားကြေညာမှုအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှေးဟောင်းဘုရားများပေါ် ပေါက်ရောက်နေသည့် သစ်ပင်များအား ဓာတုဆေးရည်ဖြင့် သစ်ပင်ရှင်းလင်းခြင်းများဆောင်ရွက်
Dec 03,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းဘုရား၊ ရှေးဟောင်းသာသနိကအဆောက်အအုံများပေါ် ပေါက်ရောက်နေသည့် သစ်ပင်များရှင်းလင်းခြင်းကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲ၊ တာဝန်ရှိသူများနှင့် ပုဂံအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့တို့ပူးပေါင်း၍ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ၀န်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး 
Dec 03,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တာ၀န်ရှိသူများသည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းမှ စတင်ပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ပြည်သူများ၏ မဲဆန္ဒရှင်စာရင်များ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကွင်းဆင်းစစ်ဆေးသည်။ 
ညောင်ဦးမြို့နယ်၌ မဲစာရင်းတွင်ပါဝင်နိုင်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 03,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် Door-to-door မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ညောင်ဦးမြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာသို့ ဒီဇင်ဘာ ၃ ရက်၊ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။