သတင်းများ

ဓနုဖြူမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ ကျင်းပ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ယနေ့၊ နံနက်(၁၀)နာရီအချိန်က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့တွင် ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွား
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့၊ အမှတ်၁ရပ်ကွက်၊ခိုင်ရွှေဝါ ၁ လမ်းနေ ဦးအေးထွန်းနေအိမ်၌ နံနက် ၁၀နာရီ၂၅မိနစ်အချိန်ခန့်က‌ နေအိမ်အပေါ်ထပ်အိပ်ခန်းတွင် ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံး အစည်းအဝေးခမ်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 26,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့တွင် နိုင်ငံတော်သမ္မတကသာသနာဆိုင်ရာ၊ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှုဒါန်းပွဲတွင် (ကမ္မဋ္ဌာနာစရိယ) ဘွဲ့တံဆိပ်ကို ဆက်ကပ်လှုဒါန်းခြင်းကို ရရှိတော်မူသော သာသနဓဇဓမ္မာစရိယ "ဘဒ္ဒန္တစိန္တိတ" အရှင်သူမြတ်၏ "ဂုဏဝိသိဋ္ဌ ပူဇော်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်မြို့မရပ်ကွက် စံရာတိုက်-ရေဝန်းကျောင်းတိုက်ဓမ္မာရုံတွင် ယနေ့ နံနက်(၈)နာရီခွဲအချိန်က နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာ (၁/၂၀၂၀) နိုင်ငံတော်သမ္မတက သာသနာဆိုင်ရာ၊ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှုဒါန်းပွဲတွင်(ကမ္မဋ္ဌာနစရိယ) ဘွဲ့တံဆိပ်တော်ဆက်ကပ်လှုဒါန်းခြင်းကို ရရှိတော်မူသော သာသနဓဇဓမ္မာစရိယ "ဘဒ္ဒန္တ စိန္တိတ"အရှင်သူမြတ်၏ "ဂုဏဝိသိဋ္ဌပူဇော်ပွဲအခမ်းအနား"ကျင်းပခဲ့ကြောင်းသိရသည်။
ရွှေသောင်ယံမြို့အဏ္ဏဝါသိပ္ပံကျောင်းခန်းမဆောင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့အဏ္ဏဝါ သိပ္ပံကျောင်းခန်းမဆောင်တွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာလ (၂၉)ရက်နေ့က ထိုးနှံခဲ့သည့် ပြည်သူ(၂၃၀)ဦးကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Nov 26,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူရုံးမှ ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြုလုပ်ပေး လျှက်ရှိရာ ယနေ့ နိုဝင်ဘာလ ၂၆ရက်နေ့တွင်လည်း ထီးတော်မိုးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ တက်ရောက်
Nov 26,2021
စစ်တွေမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက် အမှာစကားပြောကြားသည်။