သတင်းများ

ကော့ကရိတ်မြို့၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန မီးဘေးလုံခြုံရေးအတွက် တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်း သား/သူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာန မီးဘေးလုံခြုံရေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေမျိုးလှိုင်
စစ်ကိုင်းမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Mar 26,2022
စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြို လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
အုတ်တွင်းမြို့နယ် ဂုံမင်းဒါကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာတွင် ဆိုလာစနစ်ဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မှ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆) လဘဏ္ဍာနှစ် တွင်ဂုံမင်းဒါကျေးရွာအုပ်စု၊ သပြေ တန်းကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ဆိုလာစနစ်ဖြင့် ကျေးလက်ရေရရှိ လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကသာမြို့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Mar 26,2022
စစ်ကိုင်းတိုင်ဒေသကြီး၊ ကသာမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၊ ရပ်ကွက်များနှင့် ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကသာမြို့တော်ခန်းမတွင် ကျင်းပသည်။
ကသာမြို့၌ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Mar 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၂)သင်တန်းတက်ရောက်နေသော သင်တန်းသူများအား သတင်းအမှားအမှန်ခွဲခြား သုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်များအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ကသာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းခရိုင်တွင် “လူငယ်နှင့်လုပ်ငန်းခွင်ပြဿနာ” ခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်
Mar 26,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ”လူငယ်နှင့်လုပ်ငန်းခွင်ဿနာ” ခေါင်းစဉ် ဖြင့် Talk Show ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း လတ်တလော နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ပေးနိုင်ရေး အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်
Mar 26,2022
ကချင်ပြည်နယ်အတွင်း လတ်တလော နယ်မြေလုံခြုံရေးအခြေအနေအရ ပူတာအိုမြို့နယ် အတွင်းရှိ ကျေးရွာများအပါအဝင် ပြည်နယ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများ အား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာ၊ NGO ၊ INGO များ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဝေးလံခက်ခဲသော ဒေသများအပါအဝင် ကျောင်းသား/သူများအားလုံး လွှမ်းခြုံထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 26,2022
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝေးလံခက်ခဲသော ဒေသများအပါအဝင် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး လွှမ်းခြုံထိုးနှံမှု လုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ယမန်နေ့နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။