ကျောက်မဲမြို့၊ အထက ၁ ကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်
Jun 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အထက ၁ ကျောင်း၌ ယမန်နေ့နံနက် ၇ နာရီ အချိန်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသူ၊ ကျောင်းသားများ ခြင်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးဌာနများတို့မှ ဝန်ထမ်း ၁၀၀ ဦးခန့်တို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။