သာစည်မြို့နယ်တွင် မိတ္ထီလာ-တောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောက်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 11,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန်အတွက် နှစ်စဉ်ဘဏ္ဍာရေး နှစ်အလိုက် လမ်းများအဆင့် မြှင့်တင်ခြင်း၊ ရေကျော်တည်ဆောက်ခြင်းများနှင့် တံတားတည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် မိတ္ထီလာတောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၂)မိုင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။