မြို့သစ် ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ဝက်၊ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ပြည်သူများဝယ်ယူစားသုံးနိုင်ရန်အတွက် အမဲသား၊ ဝက်သား၊ ဆိတ်သားဈေးနှုန်းများသတ်မှတ်၍ အသားရောင်းချသည့်ဆိုင်နေရာများတွင် ဗီနိုင်းပိုစတာများဖြင့် ချိတ်ဆွဲထားရှိပြီး ဈေးတာဝန်ခံဝန်ထမ်းများက စဉ်ဆက်မပြတ် Hand Speaker ဖြင့် ကြေညာပေးလျက်ရှိပြီး ဒေသခံပြည်သူများ အမဲသား၊ဝက်သားနှင့် ဆိတ်သားများကို သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူစားသုံးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူတို့ကျန်းမာရေးနှင့်ညီညွတ်စေရန် မြို့ပေါ်ရှိဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နေပြည်သူများ၏ စွန့်ပစ်ပစ္စည်းများအား အမှိုက်သိမ်းမော်တော်ယာဥ်ဖြင့် နေ့စဉ်သိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)