ပန်းတနော်မြို့နယ်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်း မြေမြှုပ်ပွဲကျင်းပ
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် -၄၆၃ ခ၊ ဦးပိုင် ၂၈ ရှိ တောင်သူဦးမြင့်ဦး၏ လယ်မြေ (၄.၀၀)ဧကတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)အား လယ်ကွက်အတွင်း ထည့်သွင်းမြေမြှုပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။