ဟားခါး စက်တင်ဘာ ၉
ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး စက်တင်ဘာလ ၉ ရက်နေ့ အထိ Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း ၃၄ ဦး ကျန်ရှိနေကြောင်း ဟားခါးမြို့နယ် (COVID-19) ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဟားခါးမြို့နယ်အတွင်း Facility Quarantine ဝင်ရောက်နေသူ ၃၄ ဦးမှာ ပြည်ပနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ ကျား(၂)ဦး၊ တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသူ ကျား(၁)ဦးနှင့် ပြည်တွင်း အခြားတိုင်းဒေသ ကြီး/ပြည်နယ်များမှ ပြန်လည်ဝင်ရောက်လာသူ ကျား(၂၃)ဦး၊ မ(၈)ဦး ဖြစ်ကြောင်း၊ အဆိုပါ ၃၄ ဦးအား ဟားခါးမြို့ G.T.I ကျောင်း Facility Quarantine တွင် (၃၂)ဦးနှင့် ဟားခါးတက္ကသိုလ် Facility Quarantine တွင် (၂)ဦး ထားရှိပြီး Swab နမူနာ ပထမအကြိမ်ယူပြီးသူ (၇)ဦးရှိကြောင်း၊ ဒုတိယအကြိမ် Swab နမူနာ စစ်ဆေးခံရမည့်သူများနှင့် Swab နမူနာ မစစ်ဆေးရသေးသည့်သူများအား ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များက ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ Swab နမူနာ (၂)ကြိမ်စီ စစ်ဆေးသွားပြီးနောက် (COVID-19) ရောဂါပိုးမတွေ့ ရှိသူများအား Facility Quarantine ၂၁ ရက်ပြည့်လျှင် ပြန်လည်စေလွှတ်၍ Home Quarantine ၇ ရက် ဆက်လက်ထားရှိ သွားမည်ဖြစ်ကြောင်းနှင့် Facility Quarantine ဝင်ရောက်နေသူများအား ဟားခါးမြို့နယ် (COVID-19) ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များနှင့် လူငယ် Volunteer များပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဟားခါးမြို့နယ်အတွင်း Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀)ကျပ်နှုန်းဖြင့် ၂၁ ရက်အတွက် ငွေကျပ် ၇၃၅၀၀ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၅နှစ်အောက် ကလေးငယ်များနှင့် အသက် ၆၀ အထက် လူကြီးများအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဟားခါးမြို့နယ် (COVID-19) ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)