ရွာသစ် စက်တင်ဘာ ၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အသက်(၈၅)နှင့်အထက် သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဘာရေးနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ပိုင်း ရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ လွယ်ဝိုင်းကျေးရွာ၊ ဝမ်လွဲ့ကျေးရွာတို့တွင် အိမ်တိုင်ရာ ရောက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅)နှင့်အထက် ဘိုးဘွား(၇)ဦးအား လစဉ် နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် စုစုပေါင်း ငွေကျပ်သုံးသောင်းကို အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ စာရေးများက အိမ်တိုင်ရာရောက် သက်ကြီး ဘိုးဘွားများထံ သွားရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)