ရေဇွာ စက်တင်ဘာ ၇
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရေဇွာမြို့ရပ်ကွက်(၄)ကွက်အပြင် ကျေးရွာအုပ်စု (၂၁)ရွာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် မဲစာရင်း တိကျမှန်ကန်မှု ရှိစေရန် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်များ ပူးပေါင်းပြီး မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း မကျန်ရှိ စေရန်စိစစ်ခြင်း၊ မဲစာရင်းတွင်ပါ ဝင်ခြင်းမရှိသေးသူများ ပါဝင်နိုင်ရန် ပြန်လည်လျှောက်ထား စေခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများတွေ့ရှိပါက ကန့်ကွက်နိုင်ရန်နှင့် အချက်အလက် မှားယွင်းနေပါက အချိန်မီ ပြန်လည်လျှောက်ထားနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ဒုတိယအကြိမ် မဲစာရင်ကြေညာရာတွင် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိစေရန် ရည်ရွယ်၍ Door To Door စနစ်ဖြင့် မဲစာရင်းများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲတွင် မှန်ကန်သော မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် ရေဇွာမြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ/ကျေးရွာ အုပ်စုရာအိမ်မှူး/ ဆယ်အိမ်မှူးများပါဝင်ပြီး တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ် ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသည်။
ဟုန်းအွမ်(ပြန်/ဆက်)