စစ်ကိုင်းမြို့တွင် COVID-19 ရောဂါပိုးရှိသူတွေ့ရှိပါက စနစ်တစ်ကျ သယ်ဆောင်ကုသနိုင်ရန် လမ်းကြောင်းကြိုတင် ညှိနှိုင်းဆွေးနွေး

စစ်ကိုင်း  မတ် ၃၁

စစ်ကိုင်းမြို့တွင် COVID-19 ကြိုတင်ကာကွယ် ထိန်းချုပ်ရင်ဖြင့် ရောဂါပိုးတွေ့ရှိ လူနာရှိလာပါက ကုသပေးမည့်သက်မှတ်နေရာသို့ စနစ်တစ်ကျဖြင့် သယ်ယူ၍  လမ်းကြောင်းကြိုတင် သိရှိထားနိုင်ရန် စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်/ဆရာဝန်မများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စစ်ကိုင်းမြို့ရှိအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ ၊ သက်ဆိုင်ရာဌာနဆိုင်ရာများတွေ့ဆုံကာ လုပ်ငန်းဆွေးနွေးပွဲကို မတ်(၃၀)ရက်၊ မွန်းလွဲ(၂)နာရီက စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံးကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက COVID-19 ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ စနစ်တစ်ကျလုပ်ဆောင်နေပြီး လုပ်ကိုင်ရင်းဖြင့် ရောဂါပိုးတွေ့ရှိလူနာရှိလာပါက အနီးကပ် သယ်ယူ ပို့ဆောင်ပေးကြမည့် ကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် လိုအပ်သည့် သတ်မှတ်ဝတ်စုံနှင့် သက်မှတ်နေရာများအတိုင်း သယ်ယူပို့ဆောင်ပေးကြဖို့ ပြောကြားလိုကြောင်း တစ်ကယ်ဖြစ်ပေါ်လာမှ စီမံရတာ လွယ်ကူမည်မဟုတ်ဘဲ အခုဆွေးနွေးပွဲမှ ကြိုတင်ညှိနှိုင်းထားသည့်အတိုင်း ဆောင်ရွက်ပေးသွားကြစေလိုကြောင်း သယ်ယူပို့ဆောင်ကြမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအတွက်လည်း မိမိတို့မိသားစုနှင့် နေထိုင် ခြင်းမရှိရသည့်အတွက် အဆင်ပြေနေထိုင်နိုင်အောင် စီမံဆောင်ရွက်ထားပေးသွားမှာဖြစ်ကြောင်းစသည် ဖြင့် ဆွေးနွေး ပြီး ဒုတိယဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက ကုသရေးအပိုင်းနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ ကယ်ဆယ်ရေးအဖွဲ့များအား(PPE)ဝတ်စုံ စနစ်တစ်ကျ ဝတ်ဆင်နိုင်ရန် ပရိုဂျက်တာဖြင့် ပြသပေးပြီး လက်တွေ့ဝတ်ဆင်နည်း ပြန်လည်ချွတ်ယူ စွန့်ပြစ်နည်းများကို လက်တွေ့သရုပ် ပြဝတ်ဆင်ခဲ့ကြကာ အရေးပေါ်သုံးစွဲရာတွင် အသုံးပြုသွားမည့် လူနာတင်ယာဉ်များအား ကိုက်ညီမှုရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးပေးခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်