ကျီခါး ဩဂုတ် ၂၈
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ Quarantine၀င်ရောက် နေသည့် နေရပ်ပြန်သူများအတွက် Chin Human Rights Organization(C.H.R.O)မှ အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကျီခါးမြို့ မိုးလုံလေလုံ အားကစားခန်းမရှေ့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် နေရပ်ပြန်သူများ Quarantine ၀င်ရောက်နေစဉ်အတွင်း အသုံးအဆောင်ပစ္စည်းများ အဆင်ပြေစေရန်အတွက် အ၀တ်လျှော်ဆပ်ပြာ (၁၀)ဘူး၊ ရေချိုး ဆပ်ပြာခဲ (၁၀)ခဲ၊ ဆပ်ပြာဘူး (၁၀)ခု၊ သွားတိုက်ဆေး (၁၀)ခု၊ သွားတိုက်တံ(၁၀)ချောင်း၊ ခေါင်းလျှော်ရည် ဘူးကြီး (၁၀)ဘူး၊ တဘက် (၁၀)ထည်၊ Mytel Simcard (5)ခုနှင့် ငွေဖြည့်ကဒ်(၅၀၀၀) တန်(၅)ခုတို့အား (C.H.R.O)အဖွဲ့မှ တာ၀န်ရှိသူများက ပေးအပ်လှူဒါန်းရာ ကျီခါးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် အတွင်းရေးမှူး တိုက်နယ်ဆရာ၀န် ဒေါက်တာထန်ဆန်းတို့မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်းသိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)