တွန်းဇံမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်ရေးလိုင်စင်များ လေလံတင်ရောင်းင်းချပွဲ အခမ်းအနား ကျင်းပ

တွန်းဇံ  ဩဂုတ် ၂၁

တွန်းဇံမြို့နယ် စည်ပင်သာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်ရောင်းချပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် စည်ပင်သာယာရေး ကော်မတီရုံးခန်းတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်အမာရီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား လေလံ တင်ရောင်းချပွဲကို စတင်ကျင်းပဆောင်ရွက်ခဲ့သည်။

တွန်းဇံမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်ရေးလိုင်စင်များအတွက် အမဲသားသတ်လိုင်စင်ကို ကြမ်းခင်ဈေး (၅၁၀၀၀၀/-) ကျပ်ဖြင့်လည်းကောင်း ဝက်သားသတ်လိုင်စင်ကို ကြမ်းခင်းဈေး (၁၀၁၅၀၀၀/-) ကျပ်ဖြင့် လည်းကောင်း၊ မြို့ဝင်ဘီးခွန်ကောက်လိုင်စင်ကို ကြမ်းခင်းဈေး (၅၄၅၀၀၀/-) ကျပ်ဖြင့်လည်းကောင်း၊ ဈေးကောက်လိုင်စင်ကို ကြမ်းခင်းဈေး (၁၀၁၀၀၀/-) ကျပ်ဖြင့်လည်းကောင်း၊ အပေါင်ဆိုင်လိုင်စင်ကို ကြမ်းခင်းဈေး (၁၃၀၀၀၀/-) ကျပ်ဖြင့်လည်းကောင်း၊ အမှိုက်သိမ်း လိုင်စင်ကို ကြမ်းခင်းဈေး (၃၀၀၀၀၀/-) ကျပ်ဖြင့် လည်းကောင်း ရောင်းချခဲ့ကြသည်။ အဆိုပါ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များကို တွန်းဇံမြို့ပေါ်ရှိ ပြည်သူများမှ လေလံစနစ်ဖြင့် ဝယ်ယူခဲ့ကြကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)