မင်းကင်း သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အမှတ်(၃)ရပ်ကွက် ကင်းဦ: မြစ်ကမ်းနံဘေး လမ်းအား ကွန်ကရစ်ခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေ ကြောင်း သိရှိရသည်။
အဆိုပါ လမ်းကို ကွန်ကရစ်ခင်းခြင်းမှာ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အထွေထွေ ရန်ပုံငွေ (GRF) မှ လွှဲပြောင်းသုံးသုံးစွဲခွင့်ပြုသော လုပ်ငန်းများအနက် လမ်းအရှည် ၁၀၃၀ ပေ အနံ ၁၀ ပေ ထု ၈ လက်မ လမ်းခင်းခြင်းကို ကျပ်သန်း (၂၅) သန်း အကုန်ကျခံကာ ဩဂုတ်လ (၁၈) ရက်နေ့တွင်အပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရသည်။
လှငွေ(မင်းကင်း)