နာဂဒေသ၊ လဟယ်မြို့တွင် ဆိုင်ကယ်ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်းသော ဆိုင်ကယ်များ အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း နှင့် ရိုးရိုးပါဝါ အိတ်ဇော ပြန်လည် တပ်ဆင်ခိုင်းခြင်း‌ ပြုလုပ်

လဟယ် သြဂုတ်  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်စည်းကမ်း အသိပညာပေးခြင်နှင့် ပါဝါအိတ်ဇောတပ်ဆင်ပြီး ဆိုင်ကယ်စီးနှင်း မောင်းနင် သူများအား မြို့နယ်ရဲတပ်ဖွဲ့မှ အသိပညာပေးခြင်းနှင့် ရိုးရိုးဆိုင်ကယ်အိတ်ဇောများ ပြန်လည်တပ်ဆင် မောင်းနှင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ လူစည်ကားရာ လမ်းမများနှင့် မြို့လမ်းဆုံများတွင် ပြုလုပ်ဆောင်ရွက်ကြောင်း သိရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် လဟယ်မြို့ပေါ် မြို့မရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်များမှဦးဆောင်ပြီး ကိုဗစ်-၁၉ ရောဂါကာလ ပြီးဆုံးချိန်ထိ တစ်နေကုန်အတိုင်းအတာဖြင့် ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပါမင်းလှိုင်(ပြန်/ဆက်)