ဖလမ်း သြဂုတ် ၁၅
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသူများအား ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၁၁ ရက်နေ့မှ၍ စိစစ်လျက်ရှိရာ ယမန်နေ့က ကိုယ်စားလှယ်လောင်း (၇၇)ဦးအား စိစစ်ပြီးဖြစ်ကြောင်းနှင့် စိစစ်ရန် တစ်ဦးကျန်ရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးမှ သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြိုနယ်များမှ ကိုယ်စားလှယ်လောင်း တင်သွင်းသူ (၇၈)ဦးရှိ၍ ဖလမ်းမြို့နယ်တွင် (၁၇)ဦး၊ တီးတိန်မြို့နယ်တွင် (၃၃)ဦးနှင့် တွန်းဇံမြို့နယ်တွင် (၂၈)ဦ:ရှိကြောင်း၊ လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်လောင်း တင်သွင်းသူများတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၉)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၂၅)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်လောင်း (၁၉)ဦးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်လောင်း (၁၅)ဦးရှိကြောင်း သိရသည်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ကိုယ်စားလှယ်လောင်း (၁)ဦးကျန်ရှိပြီး ဆက်လက်စိစစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)