မတူပီမြို့နယ်၌ နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မတူပီ  သြဂုတ် 

ချင်းပြည်နယ်၊ မတူပီမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု()စုလျှင် ငွေကျပ်၂၀၀၀၀/−နှုန်းဖြင့် နိုင်ငံတော် အစိုးရက ထပ်မံထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ အုပ်ချုပ်ရေးမှူးများက ဦးဆောင်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ခိုဘွေရပ်ကွက်အတွင်းရှိ အခြေခံ လူတန်းစားများအတွက်   ခိုဘွေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌  ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို ကိုဗစ်၁၉ကာလတွင် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) လုပ်ငန်းစဉ်အရ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကိုသာ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရပ်ကွက်ရုံးသို့ လာရောက် ထုတ်ယူ နိုင်ခြင်းမရှိသော ပြည်သူများအား နေအိမ်အထိ သွားရောက်ပြီး လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း ခိုဘွေ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောကြားသည်။

မတူပီမြို့ ခိုဘွေရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်စားများ အိမ်ထောင်စုပေါင်း(၇၆)စုကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀/− နှုန်းဖြင့် ထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)