ဆမီး သြဂုတ် ၁၄
ချင်းပြည်နယ် ဆမီးမြို့ အမှတ်(၁)ရပ်ကွက်ရှိ ရေယာဉ်ဆိပ်ကမ်း၌ ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီများ အခမဲ့ဖြန့်ဝေပေးခြင်းကို မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်မှု နှင့်ပတ်သက်၍ ဆမီးမြို့မီးသတ် ဦးစီဌာနမှ ဦးကျော်မိုးနိုင်က "ယခုချိန် ဆမီးချောင်းအတွင်း ရေယာဉ်နဲ့ ခရီးသွားလာကြတဲ့ပြည်သူတွေ အသက်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ အသက်ကယ် အင်္ကျီများ ဖြန့်ဝေပေးတာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ဆမီးမြို့ မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ဒေသခံများအနေဖြင့် ရေကြောင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားရမည့်အပြင် ဘေးအန္တရာယ် ကြုံတွေ့လာပါက လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲ့လဲ့ခိုင်(ပြန်/ဆက်)